Thursday, December 17, 2009

နေလွမ်းသူပြန်လာပြီ

မင်္ဂလာပါ။ အားလုံး သက္ကရာဇ် ၂၀၁၀ နဲ့အတူ ကိုယ်စိတ်နှလုံး ခံစားမှုအသစ်အသစ်၊ ဘဝမှာ မကြုံရဖူးသေးတဲ့ ရင်ခုန်လှိုက်ဖိုမှု အသစ်တွေနဲ့အတူ ထာဝရအေးချမ်း ပျော်ရွှင်ကြပါစေသားဗျာ။ ကျွန်တော့်ကို အခုဒီ ဆိုက်ဒ်လေး လုပ်ဖြစ်အောင် ဖိအားပေး သူကိုယ်တိုင်လည်းကြည့်ရှုပေး ကူညီပေးတဲ့ ညီမထက်ရည်မွန်အိ၊ စာရေးဖို့ အမြဲအားပေး လိုတာမှန်သမျှကူညီပေးခဲ့တဲ့ ညီမဝါဝါ၊ အရင် ကြိုးမဲ့စွန်ရဲ့ စီဘောက်စ်ကနေ စာပြန်ရေးဖို့ အမြဲတိုက်တွန်းတတ်တဲ့ မရွှေဖူး(Spore)၊ ကိုအောင်မျိုးကျော်(Australia)၊ ကိုနိုင်၊ ကျွန်တော်ရဲ့ နေလွမ်းသူ မှစပြီး နေလွမ်းသူ-၃ အထိ အမြဲလိုက်ပါအားပေးခဲ့တဲ့ အစ်မ မမေဦးခင်နှင့်ကျန်ပရိတ်သတ်အားလုံး နယ်သား တွေနဲ့အတူ နယ်သူ မိစိမ်း(Spore) အားလုံးအားလုံး အားပေးနေမှုကို လေးစားသောအနေနဲ့ လည်းကောင်း၊ ကျွန်တော့်ဝါသနာအထုံကို မစွန့် လွှတ်နိုင်သေးမှုကြောင့်လည်းကောင်း ဒီ စာမျက်နှာလေးကို ဖန်ဆင်း အသက်သွင်းလိုက်ပါတယ်။ အားလုံး စိတ္တသုခ၊ကာယသုခ နှစ်ဖြာသောသုခနဲ့ ထာဝရပျော်မွေ့ကြ ပါစေ သားဗျာ။
(နာမည်များဖြင့် မဖော်ပြခဲ့သော ကျေးဇူးရှိသူများ၊ ကျွန်တော် ရေးသားသော စာများကို လာရောက်ဖတ်ရှု အားပေး ကြတဲ့ စာဖတ်ပရိတ်သတ်များအားလုံးကိုလည်း ကျေးဇူးအထူးကို တင်ရှိပါတယ်)

နေလွမ်းသူ

3 comments:

GreenGirl said...

အားပေးလျက်ပါ ကိုနေလွမ်းသူ :)

Unknown said...

နေလွမ်းသူ

အမ အခုမှ ဘလော့ကိုသိတာမို့လို့..
လာရောက်အားပေးတာနောက်ကျ
သွားတယ်..စိတ်မရှိနဲ့နော်..
နေလွမ်းသူမေလ်းပို့ပြီး ဘလော့ပြန်
ရေးတာကိုအကြောင်းကြားထားတာ
အစ်မမေလ်းမကြည့်မိလို့
အစ်မ မသိလိုက်ဘူးမောင်လေးရေ..
နောက်ဆိုအမြဲလာအားပေးမယ်နော်
တခါတခါကော်မန့်မှာဘာရေးရမှန်း
မသိ..မရေးတတ်တော့ ဘာမှမရေး
ပဲ ဖတ်ပြီးပြန်ထွက်သွားရင်လည်း
စိတ်မရှိနဲ့နော်..အရေးအသားမကောင်း
လို့ကော်မန့်မပေးတာမဟုတ်ပါဘူး
အစ်မ မရေးတတ်လို့သာဖြစ်ပါတယ်..
အမကိုသတိတရနဲ့ပိုစ့်မှာဖော်ပြထားတဲ့
အတွက်လည်း အရမ်းဝမ်းသာပါတယ်.
.အစ်မလိုစာပေပရိတ်တတ်တစ်ယောက်
အဖြစ်အသိမှတ်ပြုပေးတဲ့အတွက်..
ကျေးဇူးတင်ပါတယ်…
အဝေးကနေအမြဲအားပေးနေတဲ့..မေဦးခင်

mgnge said...

:)
ညီ ကတော့ရောက်တယ်ဗျာ... ဘလော့လိပ်စာရှာမရရင် google မှာ နေလွမ်းသူ ကို အသည်းအသန်လိုက်ရှာပြီးလိုက်လိုက်ဖတ်တာ..။ အရင် ဘလော့တွေ မှာလည်း လာဖြစ်ပါတယ်.. ကွန်းမန့် တော့ မရေးဘူးဗျ.။ အားတော့ အားပေးနေပါတယ်..။ ကို့ အကိုကြီး ရဲ့အတွေ့ အကြုံနဲ့ နေရာဒေသ ဗဟုသုတ တွေကတော့ တကယ့် ကို ဗဟုသုတ တိုး ပွားစေ သလို ... ကိုယ်ပြောင်းခဲ့သမျှ တပ်တွေကို လည်း သတိရစေတယ်..။ အကို့ဘလော့ ဖတ်ပြီးရင် အရင် တာဝန်ကျခဲ့တဲ့ ရခိုင်က တပ်ကိုလည်း ပြန်ပြန်ပြီးတွေး ပြီး ပြုံးမိရယ်မိတယ်..။ ပျော်စရာ တွေ.. စိတ်ညစ်စရာတွေ. .အခက်အခဲတွေကို လည်း ဘယ်လို ကြုံခဲ့ရတယ်ဆိုတာ အောက်မေ့မိတယ်..။ အာပေးလျက်ပါ အကို ...။

တစ်နေ့နေ့ တော့ စစ်တပ်ထဲမှာအကို နဲ့ ဆုံမိလိမ့်မယ်လို့ မျှော်လင့်မိ ရင်း...

ညီငယ်.. မောင်ငယ်။။

Post a Comment